အမျိုးသမီးများကွန်ယက် အလုပ်ရုံဆွေးနွေးပွဲ ဆီဆိုင်မြို့ တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့

ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ အမျိုးသမီးများ ကွန်ယက်

အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့က ဆီဆိုင်မြို့ အရိယမဂ္ဂင် ဓမ္မာရုံမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

ဆွေးနွေးပွဲမှာ ရှမ်းပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် လူထု ဗဟိုပြု စီမံကိန်း လက်ထောက် ညွှန်ကြားရေးမှုး

ဦးခွန်မြင့်သောင်းက အဖွင့် အမှာ စကားပြောကြားပြီး၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး

ဦးအောင်နိုင်ဝင်းက အမျိုးသမီး ကွန်ယက် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါတယ်။ အဲဒီနောက်မှာတော့

ဆီဆိုင်မြို့နယ် နည်းပညာ အကြံပေး ကျားမရေးရာ တာဝန်ခံ ဒေါ်ယဉ်ယဉ်အေးက တက်ရောက်လာတဲ့ ကျေးရွာ အုပ်စု ၁၃ အုပ်စုက

အမျိုးသမီးကွန်ယက် အဖွဲ့ဝင်တွေကို မိတ်ဆက်ပေးခဲ့ပြီး၊ အုပ်စု လေးဖွဲ့ခွဲ ဆွေးနွေးခဲ့ကြပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank