စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းခွဲများသို့ ကွင်းဆင်းကြည့်ရှု

 ဓနုဖြူ နိုဝင်ဘာ ၂၀ ရက်

   ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသောရေကန်စုကျေးရွာ ရွှေပန်းကုန်းနှင့် ကျုံတနီကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးရေး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသို ယနေ့နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး မွေးမြူရေနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးနေထက်ရိုန် ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြင့်၊မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ခိုင်ချိုလွင်နှင့်အတူတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

  အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် ကျေးရွာနေပြည်သူများ၊ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများအား အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် တာဝန်ရှိသူများမှ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျေးရွာလူထု အနေဖြင့်စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်ထားရှိမှုအပေါ် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့သည်။ ရေကန်စုကျေးရွာ၊ ရွှေပန်းကုန်ကျေးရွာနှင့် ကျုံတနီကျေးရွာတို့၏ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စီမံကိန်း စက်ဝန်းတွင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့်စီမံကိန်းလုပ်ငန်းခွဲဖြစ်သည်။ ရေကန်စုကျေးရွာ ကွန်ကရစ်လမ်းသည် ပေပေါင်း ၃၆၈၆ ပေ ဖြစ်ပြီး စီမံကိန်းထောက်ပံ့ ငွေစုစုပေါင်း သိန်း ၁၅၈၀၀၀၀၀ ကျပ်၊ ကျေးရွာထည့်ဝင်ငွေ သိန်း ၁၀၈၀၀၀၀ ကျပ်၊ ရွှေပန်းကုန်ကျေးရွာ ကွန်ကရစ်လမ်းခင်း​​ခြင်း၌ ​​ပေပေါင်း ၁၉၄၈ ပေ စီမံကိန်းထောက်ပံ့ငွေ စုစုပေါင်းသိန်း ၁၂၂၄၀၀၀၀ ကျပ်၊ ကျေးရွာထည့်ဝင်ငွေ သိန်း ၂၁၉၀၇၀၀ ကျပ်နှင့် ကျုံတနီးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းတွင် ပေပေါင်း ၁၁၆၇ ပေ စီမံကိန်းထောက်ပံ့ငွေ သိန်း ၈၁၀၀၀၀၀ ကျပ်၊ ကျေးရွာ ထည့်ဝင်ငွေ သိန်း ၆၂၈၀၀၀ ကျပ်တို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။