ကျေးလက်ဒေသရေရရှိရေး ရေအရင်းအမြစ်စစ်တမ်းကောက်ယူခြင်းသင်တန်းဖွင့်လှစ်

မင်းတုန်း  အောက်တိုဘာ  ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော လက်ထောက်နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများအား ကျေးလက်ရေရရှိရေး ဆောင်ရွက် ပေးနိုင်ရေး ရေအရင်းအမြစ်စစ်တမ်းကောက်ယူခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မင်းတုန်းမြို့ ရွှေဘုန်း တေဇာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က အဖွင့်အမှာစကားပြောကြား ပါသည်။

ဆက်လက်၌ သင်တန်းတွင် သင်ကြားပို့ချပေးမည့် မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ထက်ထက်မျိုးအောင်နှင့် လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်မေသူခင်တို့က  မင်းတုန်းမြို့နယ် အတွင်းရှိကျေးရွာများမှ ရေရရှိရေးဆိုင်ရာအချက်အလက်များစစ်တမ်းကောက်ယူနိုင်ရေး Rural Water Supply - MIS Software ဖြင့် ရေအရင်း အမြစ်စစ်တမ်း ကောက်ယူနည်းလမ်းများကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

အဆိုပါအစည်းအဝေးကို မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများ၊ သင်တန်းဆရာမများ၊ လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူးနှင့် လူထုစည်းရုံရေးမှူး (၄၉)ဦးတို တက်ရောက် ခဲ့ကြကြောင်းသိရသည်။

စိုးမိုးကျော်-၀၉၂၅၆၀၈၇၂၆၈