မူကြိုကျောင်းဆောင်နှင့်ရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ လူထုစစ်ဆေးပွဲကျင်းပပြုလုပ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘပီးကျေးရွာအုပ်စု၊ ဘပီးကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)ထောက်ပံ့ရန်ပုံငွေနှင့်လူထုထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မူကြိုကျောင်းဆောင်နှင့်ရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်စွာဆောင်ရွက်ပြီးစီးပြီးဖြစ်၍ လုပ်ငန်းခွဲ(၂)ခုအတွက် လူထုစစ်ဆေးပွဲကို ၂၀၁၉ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့တွင် အဆိုပါ မူကြိုကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းခွဲဖြစ်သော မူကြိုကျောင်းဆောင်သည် အတိုင်းအတာအားဖြင့် အလျား ပေ ၄၀၊ အနံ ပေ ၂၆နှင့် အမြင့် ပေ ၁၀.၅ ရှိပြီး စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် ၁၂၄ ဒသမ ၅သိန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ ၁ ဒသမ ၅၈ သိန်းဖြင့်လည်းကောင်း၊ ရေလှောင်ကန်(၂၄ပေ×၆ပေ×၃ပေ)နှင့်ရေစစ်ကန်(၂)လုံး တည်ဆောက်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် ၅၄ သိန်းနှင့်လူထုထည့်ဝင်ငွေ ၁ ဒသမ ၀၈ သိန်းဖြင့် လည်းကောင်း (၂၂.၅.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ကာ (၁၇.၈.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှင့်ကမ္ဘာ့ဘဏ်တို့၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဌာနအတွင်းလူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုနှင့် အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သောစီမံကိန်းဖြစ်ပါသည်။