KG ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် လူထုစစ်ဆေးပွဲကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းလျက် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)မှ ကန့်ဆောက်ကျေးရွာအုပ်စု၊ မာအိုဝမ်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော KG ကျောင်းဆောင်ဆောက်လုပ်ခြင်းစီမံကိန်းလုပ်ငန်းခွဲအတွက် လူထုစစ်ဆေးပွဲကို ၂၀၁၉ခုနှစ်၊ ဩဂုတ်လ(၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါလုပ်ငန်းခွဲသည် အတိုင်းအတာအားဖြင့် (၃၀ပေ×၂၄ပေ×၁၂ပေ) ရှိပြီး စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၈၀)ဖြင့် (၇.၆.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ရာ (၂၇.၈.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပါသည်။

 

ကန့်ဆောက်ကျေးရွာအုပ်စုအား တာဝန်ယူဆောင်ရွက်သော လူထုစည်းရုံးရေးမှူးမှာ ဒေါ်နိန်ရှင်းမန်းဖြစ်ပြီး လက်ထောက်နည်းပညာမှူးမှာ ဦးလှိုင်ဝင်းထွန်းဖြစ်ပါသည်။