ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာအုပ်စု မြေနီကုန်းကျေးရွာတွင် ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခြင်း

ဧပြီလ ၁၀ ရက်

 ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနား

          ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာတွင် လူထုဗဟိုုပြုစီမံကိန်းနှင့် ကျေးရွာလူထုတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ၁၀.၄.၂၀၁၉ ရက်နေ့ နံနက် ၉း၃၀ မိနစ်တွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများ၊ ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီများ၊ ကျေးရွာမီးလင်းရေး ကော်မတီများနှင့် ကျေးရွာသူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) မန်းအောင်ကိုမင်း International CDD Specialist Ms.Marlene နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်လျှစ်စစ်ရုံးမှ တာဝန်ရှိသူမှလည်း လျှပ်စစ်မီး  သုံးစွဲခြင်းနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များအား တက်ရောက်လာသူများအား အသိပညာဖြန့်ဝေပေးခဲ့သည်။ အဆိုပါလုပ်ငန်းအား လူထုုဗဟိုုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအတိုင်းအတာမှာ ဓါတ်အားလိုင်းတိုးချဲ့သွယ်တန်းခြင်းအတွက် (၆၂၀၀ ပေ) ဖြစ်ပြီး လုပ်ငန်းကုန်ကျစရိတ်မှာ လူထုဗဟိုုပြုစီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း ၂၀၀ နှင့် ကျေးရွာလူထုထည့်ဝင်ငွေ ၁၉၂၆၁၄၇၆ ကျပ် စုုစုုပေါင်း ၃၉၂၆၁၄၇၆ ကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          လက်ရှိအချိန်တွင် လျှပ်စစ်မီး စတင်အသုုံးပြုသည့် အိမ်ခြေ ၇၇ အိမ်ဖြစ်ပြီး ဆက်လက်၍လည်း တိုးချဲ့သွယ်တန်းသွားမည်ဖြစ်ပါတယ်။