Training in Ponnagyaan township

ပုဏ္ဏား ကျွန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး၌ လက်ထောက်နည်းပညာမှူးများ လူထုစည်းရုံးရေးမှူးရေးများအား ကျားမရေးရာ သင်တန်းအား ၂၀၁၉ ခု ဇန်နဝါရီ်လ (၄) ရက်မှ (၅)ရက်နေ့အထိ  ဖွင့်လှစ်ခဲ့ရာ မြို့နယ်ဦးစီးမှူးမှ သင်တန်းဖွင့် အမှာစကား ပြောကြားပြီး သင်တန်း၌ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် မွကျားမရေးရာ နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်း၌ လက်ထောက်နည်းပညာမှူး (၁၄)ဦး လူထုစည်းရုံးရေးမှူး (၂၄) ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ် ကျေးလက် ကျားမရေးရာ တာဝန်ခံနှင့် နည်းပညာ အကြံပေး အဖွဲ့ ကျားမရေးရာ တာဝန်ခံတို့မှ ပို့ချသင်ကြားခဲ့ပါသည်

Documents: