ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ၏ လစဉ်ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

၂၆ ဖေဖော်ဝါရီ ၂၀၁၉

ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ၏ လစဉ်ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ၏ လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းလမ်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရိပ်သာ မြေညီထပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လစဉ်အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ တာဝန်ရှိသူများ လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းမြို့နယ်(၄)မြို့နယ်မှ တာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ၏ တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံ ဒေါ်ဥမ္မာခိုင်မှ အဖွင့်မိတ်ဆက်စကားပြောကြားပြီး သက်ဆိုင်ရာစီမံကိန်းမြို့နယ်များ၏တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် တိုင်းဒေသကြီးစီမံကိုန်းရုံးခွဲမှ သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ယူဆောင်ရွက်လျက်ရှိသော  တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံများမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။