ဖေဖော်ဝါရီလ ၆ ရက် ကော့မှူးမြို့နယ်လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဆောင်ရွက်နေသော ရေကျော်ကျေးရွာအုပ်စု ကျုံဖာကျေးရွာသို့ ကွင်းဆင်းသွားရောက်ခြင်း

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေကျော်ကျေးရွာအုပ်စု ကျုံဖာကျေးရွာသို့ တိုင်းဒေသကြီးစီမံကိန်းရုံးခွဲမှ သတင်းအချက်အလက်ပြန့်ပွားရေးနှင့် စောင့်ကြည့်ကြီးကြပ် တာဝန်ခံ ဒေါ်မေမျိုးဟန်နှင့်အတူ ကျားမရေးရာတာဝန်ခံ ဒေါ်ဇင်မာကြည်၊ မြို့နယ်စီမံကိန်းတာဝန်ခံ ဦးကျော်ညီညီထွန်း၊ မြို့နယ်သတင်းအချက်အလက်ပြန့်ပွားရေး၊ လူမှုတာဝန်ခံမှုနှင့် ကျားမ ရေးရာတာဝန်ခံ ဦးသူရအောင်တို့ ကွင်းဆင်းသွားရောက်ခဲ့ကြပါသည်။ ကွင်းဆင်းခရီးတွင် ကျုံဖာကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကော်မတီဝင်များနှင့် တွေ့ဆုံကာ သတင်းအချက်အလက်၊ စီမံကိန်းစောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်းရပ်များ၊ ကျားမ ရေးရာကဏ္ဍများကို အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စီမံကိန်းနှင့်ပတ်သက်သော သတင်းအချက်အလက်လုပ်ငန်းစဉ် လိုက်နာဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးကြပါသည်။