ကော့မှူးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ စည်းရုံးရေးမှူးများအား TOF3 မွမ်းမံသင်တန်းကျင်းပပြုလုပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ်စက်ဝန်းတွင် စည်းရုံးရေးမှူးများအား TOF3 မွမ်းမံသင်တန်းဖွင့်ပွဲကို ဇန္နဝါရီလ(၁၄)ရက်နေ့က ပြန်ကြားေရးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးသန့်ဇော်ဝင်းနှင့် ကျေးလက်ဦးစီးဌာနမှ လူမှုတာဝန်ယူမှု၊တာဝန်ခံမှုနှင့် ကျားမရေးရာတာဝန်ခံ ဦးသူရအောင်တို့သည် သင်တန်းနှင့်ပတ်သက်သောအကြောင်းအရာများအား သင်ကြားပို့ချဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၂)ရက်ကြာ ပြုလုပ်ခဲ့ပါသည်။