CF/TF များအား သက်ဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနား

ဖားဆောင်းမြို့ နိုဝင်ဘာလ (၂၃) ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဘောလခဲ+ဖားဆောင်း+မယ်စဲ့ မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ CF/TF များအား MGRI ကုမ္ပဏီမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို (၂၃.၁၁.၂၀၁၈) ရက်နေ့တွင် ဖားဆောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ ဒုတိယစီမံကိန်းတာဝန်ခံ ဒေါ်နော်ချောစုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ MGRI၏ တာဝန်ရှိသူ ဦးမြတ်သူစိုးမှ လွှဲပြောင်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဦးမြတ်သူစိုး မှ ဝန်ထမ်းလွှဲပြောင်းခြင်း နှင့်ပတ်သက်သော သက်ဆိုင်ရာအထောက်အထားများအား ဘောလခဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်းထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခင်နှစ်စက်ဝန်းတွင် အကောင်းဆုံးစွမ်းဆောင်ခဲ့သော CF/TF (၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ် ဒုတိယစီမံကိန်းတာဝန်ခံ၊ ဘောလခဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့များ၊ CF/TF များတက်ရောက်ခဲ့ကြပါသည်။