ချင်းပြည်နယ်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်ရွာ ငလိုင်အုပ်စု၊ ငလိုင်ကျေးရွာသို့ ချင်းပြည်နယ်ပြည်နယ်ဦးစီးမှူးမှ စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်မှုများအား သွားရောက်ကွင်းဆင်းလေ့လာခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်ရာ မတူပီမြို့နယ်၊ ငလိုင်အုပ်စု၊ ငလိုင်ကျေးရွာတွင် ပထမနှစ်စက်ဝန်း၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဂါလံ (၂၁၆၀၀) ဆံ့ ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ဒုတိယနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဂါလံ (၃၇၀၀) ဆံ့ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ရွာတွင်းရေပိုက်လိုင်းဖြန့်ဝေခြင်း စီမံကိန်းလုပ်ငန်းခွဲအကောင်အထည်ဖော်ဆောင်ရွက်မှုများကို ချင်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော် (ညွှန်ကြားရေးမှူး)နှင့် ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မင်းတပ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်(ဒုတိယညွှန်ကြားရေးမှူး)၊ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဦးအာလ်လျန်ထန် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် မတူပီမြို့နယ်ဝန်ထမ်းများမှ (၁၉.၉.၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီများ၊ ကျေးရွာလူထုများနှင့်တွေ့ဆုံကာ စီမံကိန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး၊ စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်မှုများအပေါ်အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။