ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာဖွံ့ဖြိုးရေးအကောင်အထည် ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

        ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သာပေါင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို  (၁၂.၉.၂၀၁၈) နှင့် (၁၃.၉.၂၀၁၈) ရက်နေ့ ၊ နံနက်(၉:၃၀)နာရီ၊ သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်အေးခန်းမတွင်ကျင်းပ ပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး မှ အဖွင့်အမှာစကားပြောကြားခြင်း ၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးသန်းမှ မိတ်ဆက်စကားပြောကြားခြင်း၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသက်မင်းထွန်းမှ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြ၍   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုကော်မတီများတက် ရောက်ခဲ့ပါသည်-