ကယားပြည်နယ် လွိုင်ကော်မြို့နယ်-ရှားတောမြို့နယ် မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်

၂၀ရက် ဇွန်လ ၂၀၁၈ ခုနစ်

လွိုင်ကော်မြို့နယ်-ရှားတော်မြို့နယ် မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးပွဲအား (၂၀-၆-၂၀၁၈)ရက်နေ့ လွိုင်ကော်မြို့ မြို့နယ်ခန်းမတွင် နံနက်(၉:၀၀)နာရီအချိန်တွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုမှ အဖွင့်အမှာစကားပြောကြားခြင်း ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးဘော့စ့်ကို မှအမှာစကားပြောကြားခြင်း လူထုဗဟိုပြုစီမံကိန်း မြို့နယ်စီမံကိန်းတာဝန်ခံ ဦးတင်ကိုလတ်မှ ဒုတိယနှစ်စီမံကိန်း ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ အုပ်စုငယ်များဖွဲ့၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများမှ အားသာချက်/အားနည်းချက် များနှင့် အကြံပြုချက်များ ဆွေးနွေးခြင်း၊ စီမံကိန်း ဆောင်ရွက်မှု အကောင်းဆုံး ကျေးရွာနှင့် ကျေးရွာအုပ်စုများအား ရွေးချယ်အမှတ်ပေးခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ နည်းပညာအဖွဲ့ခေါင်းဆောင်ဒေါ်နော်ဂျူးလစ်မှ ဆုရွေးချယ်မှု အစီအစဉ်အား ရှင်းလင်းတင်ပြခြင်းတို့ဆောင်ရွက်ခဲ့ပြီး ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း နှင့်လွိုင်ကော်မြို့ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ သတင်းမီဒီယာများ၊ ကျေးရွာကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များအပါအဝင် တက်ရောက်သူ စုစုပေါင်း (၅၃၂)ဦး ရှိပြီး အခမ်းအနားကို နေ့လည် (၁၄:၃၀)ခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။