ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မကျောက်အားကျေးရွာ သို့ ပြည်ထောင်စုအဆင့် စောင့်ကြည့်အကဲဖြတ် ကျွမ်းကျင်သူမှ သွားရောက် လေ့လာ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မကျောက်အားကျေးရွာ ၏ စီမံကိန်းလုပ်ငန်းဖြစ်သည့် မြေသားလမ်း၊ ဆိုင်ကယ်သွားလမ်း ၂ မိုင်ဖောက်လုပ် ပြီးစီးမှုအား ပြည်ထောင်စုအဆင့်ကျွမ်းကျင်သူများမှ သွားရောက်လေ့လာခဲ့ပါသည်။မကျောက်အားကျေးရွာသည် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ၅၃ သိန်း ဖြင့် ဆောင်ရွက်သည့် ရွာသူ/ရွာသားများ ကိုယ်တိုင် ဆောင်ရွက်သော အဆိုပါမြေသားလမ်း ဖောက်လုပ်ပြီးစီးသည့်အတွက် အိမ်ခြေ ၃၉ အိမ်ရှိ လူဦးရေ ၂၃၉ ဦးအား မြို့သို့လွယ်ကူစွာ သွားလာနိုင်ခြင်းနှင့် ကျောင်းသူကျောင်းသားများ မှ အချိန်မီ ကျောင်းသို့လွယ်ကူစွာ သွားလာနိုင် ပြီ ဖြစ်ကြောင်း သိရှိရပါသည်။