လယ်ဝေးမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စီမံကိန်းစက်ဝန်း) သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်သည့်အစည်းအဝေး(TMSR) ကျင်းပပြုလုပ်

      ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ကျေးလက်ဒေသ ဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အကောင်အထည်ဖောင်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲ နှင့် လူထုဗဟိုပြုစီမံကိန်း အကောင်းဆုံး ဆောင်ရွက်နိုင်မှုကျေးရွာ /အုပ်စုအဆင့်ဆုချီးမြှင့်ပွဲကို လယ်ဝေးမြို့သီရိမင်္ဂလာခန်းမတွင် ဇွန်လ ၁၃ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ စီမံကိန်းမြို့နယ် ၃ မြို ့နယ်အနက်မှ တစ်ခုအပါအဝင်ဖြစ်သော လယ်ဝေးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၆၀)အုပ်စု၊ ကျေးရွာပေါင်း (၂၆၁)ရွာရှိပြီး ယခုတတိယနှစ်စက်ဝန်းတွင် စီမံကိန်း လုပ်ငန်းခွဲပေါင်း (၂၆၉)ခုကို အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိပါသည်။

       ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) မှ ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော် မှ တတ်ရောက်လာသောဌာနဆိုင်ရာများ၊ ကော်မတီဝင်များအား ယခု လူထုဗဟိုပြုစီမံကိန်းသည် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဒီဇိုင်းရေးဆွဲထားသော စီမံကိန်းဖြစ်ကြောင်း နှင့် တတ်ရောက်လာသော ကျေးရွာကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့ရေးအတွက်မည်ကဲ့သို့ ဆောင်ရွက်သင့်သလဲဆိုသည့် အချက် များအား အလေးပေးဆွေးနွေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက်တွင် လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိူးကျော်ကျော်မှ စီမံကိန်းလုပ်ငန်းခွဲများ အတည်ပြု ညှိနှိုင်းပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီးနောက်တွင် လယ်ဝေးမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက််ရေးဦးစီးဌာန မြို့့နယ်ဦးစီးမှူးဒေါ်ရီရီပြုံးမှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ၄င်းနောက်တွင် အစည်းအဝေးတတ်ရောက်လာသော ကျေးရွာလူထုအချို့မှ စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် မရှင်းလင်းသည်များကို မေးမြန်းခဲ့ကြကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ မေးမြန်းချက်များအားလုံးကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးတတ်ရောက်လာသော ကျေးရွာလူထုအား အုပ်စု ( ၇ ) ဖွဲ ့ခွဲ၍ ခေါင်းစဉ် (၇) ခုအား ဆွေးနွေးစေခဲ့ပါသည်။ အုပ်စုဖွဲ ့ဆွေးနွေးနေစဉ်အတွင်း ကျေးရွာ/အုပ်စုများမှ ယခုနှစ်စီမံကိိန်းစက်ဝန်းအတွင်း အကောင်းဆုံးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ( ပထမ၊ ဒုတိယ၊ တတိယ ) ဆုချီးမြှင့်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာပေါင်းစုံပါဝင်သည့် စီစစ်အကဲဖြတ်အမှတ်ပေး အဖွဲ ့မှ အမှတ်ပေးရွေးချယ်ဆုံးဖြတ်ပေးခဲ့ပါသည်။

       ၄င်းအပြင် လယ်ဝေးမြို့နယ် လူထုဗဟိုပြုစိီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးဖိုးရွှင်မှ ဆုရ ကျေးရွာ/အုပ်စု များအတွက် ဆုရွာကျေးရွာ/အုပ်စုများကို မကြေငြာမှီ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြ ပေးခဲ့ပြီးနောက်တွင် ဆုရကျေးရွာ/အုပ်စုများအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် နေပြည်တော် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဌေးဝင်းတို့မှ ဆုများကိုအသီးသီးပေး အပ်ချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ ဆုရကျေးရွာ/အုပ်စုများနှင့်အတူ စုပေါင်းမှတ်တမ်း ဓါတ်ပုံများရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ညနေ ၃ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည် ။