ကော့မှူးမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်း သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ကျင်းပခဲ့

စီမံကိန်း တတိယနှစ် စက်ဝန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်း မြို့နယ် တစ်ခုဖြစ်သော ကော့မှူးမြို့နယ်၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ၂၂.၅.၂၀၁၈ ခုနှစ်တွင် ကော့မှူးမြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကြည်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၄င်းအပြင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာမြတ်သူမှ အဖွင့်အမှာစကား ထပ်မံပြောကြားခဲ့ပြီး ရန်ကုန်ဒေသကြီး စီမံကိန်း တာဝန်ခံ လ/ထ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာခိုင်မှ အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် မြို့နယ် နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသန့်ဇော်ဝင်းမှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး နောက်တွင် အစည်းဝေးတက်ရောက်လာသူ ကျေးရွာလူထုအား အုပ်စု ရ ဖွဲ့ ခွဲ၍ ခေါင်းစဉ် ရ ခုအား ဆွေးနွေးစေပြီး အုပ်စုဖွဲ့ ဆွေးနွေးနေစဉ်တွင် ကျေးရွာ/ ကျေးရွာအုပ်စု အထူးချွန်ဆုံး လုပ်ငန်း အကောင်အထည်ဖော် ဆောက်ရွက်မှုအတွက် (ပ ဒု တ) ဆုအား သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် ဂျူရီအဖွဲ့မှ အမှတ်ပေး ရွေးချယ်ဆုံးဖြတ်ပေး ခဲ့ပါသည်။

၄င်းအပြင် မြို့နယ် စီမံကိန်းတာဝန်ခံ ဦးကျော်ညီညီမှ ဆုရ ကျေးရွာ/ကျေးရွာအုပ်စုများအား ဆုမကြေငြာ မီ အမှတ်ပေးစည်းမျဉ်းနှင့် ပက်သက်ပြီး ရှင်းလင်းပြောကြားပေးခဲ့ပါပြီး ကော့မှူး မြို့နယ် ကျေးလက် ဦးစီးမှူး ဦးစိုးကျော်သူမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။