လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း (၂/၂၀၁၈) သင်တန်ဖွင့်ပွဲကျင်းပ

(၁၃-၂-၂၀၁၈)နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း (၂/၂၀၁၈) သင်တန်ဖွင့်ပွဲ အခမ်းအနားကို (၁၃-၂-၂၀၁၈) ရက်နေ့၊ နံနက် (၉းဝ၀)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်း သင်တန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်း သို့ တိုင်းဒေသကြီး/ ပြည်နယ်(၈)ခု မှ သင်တန်းသား/သူ (၁၀၆)ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ (၁၂)ရက် ကြာမြှင့်မည်ဖြစ်ပါသည်။