လူထုဗဟိုပြုစီမံကိန်း၊ တတိယနှစ်စက်ဝန်းအတွက် TFs/CFs များအား စည်းရုံးရေးမှူးများသင်တန်းအပိုင်း(၃)ပြုလုပ်ကျင်းပ

၂၃.၁.၂၀၁၈ (မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်)

စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီး ဌာနမှ တာဝန်ယူ အကောင်အထည်ဖော်

ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း၊ ဘီးလင်း မြို့နယ်တွင် တတိယနှစ်စီမံကိန်းစက်ဝန်းအတွက် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဉီးထွန်းအောင်ကျော် မှ ဦးဆောင်၍

စည်းရုံးရေးမှူးများသင်တန်းအပိုင်း(၃)ကို လက်ထောက်နည်း ပညာမှူး နှင့် လူထုစည်းရုံးရေးမှူးတို့အား (၂၂.၁.၂၀၁၈)မှ(၂၃.၁.၂၀၁၈)အထိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးတွင်

သင်တန်းပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကျေးရွာတွင် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ခြင်း နှင့် လူထုစစ်ဆေးပွဲများ ပြုလုပ်ပုံအဆင့်ဆင့်တို့အား

အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း စသည့် အချက်များအား သင်တန်းလက်စွဲပါအတိုင်း သင်တန်းပို့ချ ဆွေးနွေးခဲ့ပါသည်။ ၎င်းလူထုစည်းရုံးရေးမှူးများအပိုင်း(၃)သင်တန်းသို့

လူထုစည်းရုံးရေးမှူး ကျား(၁၁)ဦး၊ မ(၁၅)ဦးနှင့် လက်ထောက်နည်းပညာမှူးကျား(၆)ဦး၊ မ(၁၀)ဦး ၊စုစုပေါင်း(၄၂)ဦးတို့မှာ တက်ကြွစွာတက်ရောက် ခဲ့ကြပါသည်။