ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
National Community Driven Development Project
လူထုဗဟိုပြုစီမံကိန်း
လူထုဗဟိုပြုစီမံကိန်း ၏စီမံကိန်း တတိယနှစ်အတွက် ကယားပြည်နယ်အတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးမြို့တစ်မြို့နယ်ကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းမြို့နယ်ရွေးချယ်မှုကို “မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေး” ကိုဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါအကြံဉာဏ်ရယူခြင်း အစည်းအဝေးမကျင်းပမိ ကယားပြည်နယ်အတွင်းရှိ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်း (NGOs/CSOs) အသီးသီးနှင့်တွေ့ဆုံ၍ လူထုဗဟိုပြုစီမံကိန်းအကြောင်းတွေ့ဆုံ ရှင်းလင်းခြင်းအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ တက်ရောက်ဆွေးနွေးနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ရက် - ၂ - ၂ - ၂၀၁၅ ရက်နေ့၊ တနင်္လာနေ့
ကျင်းပမည့်အချိန် - နံနက် (၉းဝ၀) နာရီ
ကျင်းပမည့်နေရာ - မြို့နယ်ခန်းမ၊ လွိုင်ကော်မြို့
Kindly confirm your participation to cdd.drdmyanmar@gmail.com (Phone number: 067-409413) by 30 January, 2015.
Attachment:
- Facts about of Community Driven Development Project(Burmese)