လူထုဗဟိုပြုစီမံကိန်းမှာတူညီသောအလုပ်အတွက် တူညီသောလုပ်အားခအခြေခံမူကိုဘာကြောင့် ကျင့်သုံးတာလဲ?

လူထုဗဟိုပြုစီမံကိန်းတွင်အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ တူညီသောအလုပ်အတွက် တူညီသောလုပ်အားခ ရရှိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တူညီသောအလုပ်အတွက် တူညီသောလုပ်အားခရရှိရန်မှာ အမျိုးသမီးနှင့် အမျိုးသားတို့အတွက် အခြေခံကျသော လူ့အခွင့်အရေးဖြစ်ပါသည်။ တူညီသောအလုပ် အခြေအနေတွင် အမျိုးသမီးများနှင့် အမျိုးသားများသည် စီမံကိန်းတွင်ကိုယ်တိုင်ပါဝင်လုပ်ဆောင်မှု နှင့်စိုက်ထုတ်ရသောအချိန်မှာအတူတူပင်ဖြစ်သည်။ ထို့အပြင် လူထုဗဟိုပြုစီမံကိန်းတွင် အမျိုးသမီးများ နှင့်အမျိုးသားများအတွက် အလုပ်အကိုင်အခွင့်အရေးတူညီစွာရရှိရန်ဖန်တီးပေးသင့်ပြီး အမျိုးသမီးများအတွက် ပိုမိုထောက်ပံ့မှုများပြုလုပ်ပေးပါက ၄င်းတို့သည် အမျိုးသားများနှင့် တန်းတူပါဝင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများ တန်းတူပါဝင်လုပ်ကိုင်နိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည့် မည်သည့် အတားအဆီးကိုမဆိုဖယ်ရှားပေးရန်လိုအပ်သည်။ ထိုအခြေခံမူကိုလူထုလုပ်အားနှင့်လုပ်ကိုင်သောလုပ်ငန်းခွင် တွင်သာမကကန်ထရိုက်တာများနှင့် လုပ်ကိုင်သောလုပ်ငန်းခွင်တွင်လည်းလိုက်နာကျင့်သုံးရန် လိုအပ်သည်။

ကျားမရေးရာ