အမေးအဖြေကဏ္ဍ

လူထုဗဟိုပြုစီမံကိန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး အထောက်အပံ့များဖြင့် ကျေးရွာများတွင် လိုအပ်သည့် အခြေခံ အဆောက်အဦများ တည်ဆောက် အကောင်အထည်ဖေါ်ရန် စီမံကိန်း လုပ်ငန်း များ ရွေးချယ်ရာတွင် ကျေးလက်ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် စည်းရုံးလှုံ့ဆော် ပေးခြင်း နှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန် ကဏ္ဍအလိုက် နည်းပညာပိုင်းဆိုင်ရာ သင်တန်းများ ပေးခြင်းဖြင့် တာဝန်ယူ တာဝန်ခံမှု အားကောင်းလာစေရန် ကူညီ ဆောင်ရွက်ပေးနေ ပါသည်။

(က) ကျေးလက်ဦးစီးဝန်ထမ်းများအတွက် လူထုဗဟိုပြုစီမံကိန်း စီမံခန့်ခွဲရေး သင်တန်း သည် စီမံကိန်း မြို့နယ်တွင် တာဝန်ထမ်းဆောင်မည့် ကျေးလက်ဦးစီး အရာထမ်း/အမှုထမ်းများကို စီမံကိန်း မစတင်မီ စီမံကိန်းအကြောင်း မိတ်ဆက်ပေးရန်နှင့် ၎င်းတို့၏လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို နားလည် စေရန်ဖြစ်သည်။



    (ခ) လုပ်ငန်းခွင်ဝင်သင်တန်း သည် စီမံကိန်းမြို့နယ်တွင်တာဝန်ထမ်းဆောင်မည့် ကျေးလက်ဦးစီး ဝန်ထမ်း များ နှင့် မြို့နယ် နည်းပညာအကြံပေးများ အား စီမံကိန်းလက်စွဲ ကိုနားလည်စေရန် နှင့် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အလေ့အထဖြစ်စေရန် ဖြစ်သည်။



    (ဂ) သင်တန်းဆရာဖြစ်သင်တန်း ကို အမျိုးအစား (၂)မျိုးခွဲထားပါသည်။ ပထမ အမျိုးအစားသည် စီမံကိန်း လက်စွဲပါ အဆင့်များကို ကောင်းစွာသင်ကြားနိုင်ရန် မြို့နယ် နည်းပညာအကြံပေးအဖွဲ့မှ NPA များ၊ စီမံကိန်း အဖွဲ့ခေါင်းဆောင်များ ကို ဆရာဖြစ်သင်တန်းပေးခြင်း နှင့် ဒုတိယ အမျိုးအစားသည် တာဝန်ကျ ရာထူးအလိုက် ဘာသာရပ် နည်းပညာပိုင်းဆိုင်ရာ ဆရာဖြစ် သင်တန်းပေးခြင်း တို့ဖြစ်သည်။



    (ဃ) စည်းရုံးရေးမှူးများ သင်တန်း (TOF) ကို အပိုင်း (၁)၊ (၂)၊ (၃) ဟူ၍ ပိုင်းခြားထားပြီး ကျေးရွာ လူထုအား စီမံကိန်း လက်စွဲပါ အဆင့်များကို လွယ်ကူစွာ စည်းရုံး ကူညီပံ့ပိုးပေးနိုင်ရန် လူထုစည်းရုံး ရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများကို သင်တန်းပေးခြင်း ဖြစ်သည်။



    (င) လက်ထောက်နည်းပညာမှူးများ သင်တန်း (TTF) သည် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများ ကို စီမံကိန်းလက်စွဲပါအတိုင်း ကျေးရွာလူထုအား လွယ်ကူစွာ ပ့ံပိုးပေးနိုင်ရန် အတွက် လက်ထောက် နည်းပညာမှူးများအား သင်တန်းပေးခြင်းဖြစ်သည်။



    (စ) ကျေးရွာလူထု ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းသည် ကျေးရွာအုပ်စု စီ/ထောက် ဥက္ကဌများ၊ ဘဏ္ဍာရေး ဆပ် ကော်မတီ ဝင်များ နှင့် ကျေးရွာငွေစာရင်းကိုင်များ အား ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ငွေကြေး ထိန်းသိမ်းခြင်း၊ အခြေခံ ငွေ စာရင်း ဇယားများ ပြုစုခြင်း တို့ကို ကောင်းစွာ လုပ်ဆောင်နိုင်ရန် ဖြစ်သည်။



    (ဆ) ကျေးရွာလူထုအဆင့် စီမံကိန်း စီမံခန့်ခွဲရေးသင်တန်းသည် ကျေးရွာ စီ/ထောက် ကော်မတီဝင်များ၊ ကျေးရွာ ငွေစာရင်းကိုင်များ၊ စေတနာ့ ဝန်ထမ်းများ၊ ဝေဖန်အကြံပြု ကိုယ်စားလှယ်များ အား စီမံကိန်း လုပ်ငန်းတွင် ပါဝင်သော ကဏ္ဍအလိုက် လုပ်ဆောင်ရန် ကိစ္စများကို လမ်းကြောင်းမှန်မှန် လုပ်ဆောင် တတ်ရန် ကျေးရွာ စီမံကိန်းလုပ်ငန်းခွဲများ မစတင်မီ ပြုလုပ်ခြင်းဖြစ်သည်။



    (ဇ) ကျေးရွာအဆင့် ဝယ်ယူရေး သင်တန်းကို ကျေးရွာ ဝယ်ယူရေး ဆပ်ကော်မတီဝင်များအား စီမံကိန်း လက်စွဲပါ နည်းစနစ် တကျ ဝယ်ယူတတ်စေရန် ပြုလုပ်ပေးခြင်းဖြစ်သည်။



    (စျ) ကျေးရွာအဆင့် ဝေဖန် အကြံပြုတိုင်ကြား ဖြေရှင်းရေး သင်တန်းသည် ကျေးရွာ အကြံပြု ကိုယ်စား လှယ်များအား ဝေဖန်အကြံပြုတိုင်ကြားမှု ကိစ္စရပ်များအတွက် လက်ခံခြင်း၊ ဖြေရှင်းခြင်း တို့ကို ပြုလုပ် တတ်စေရန် ပြုလုပ်ပေးခြင်း ဖြစ်သည်။



    (ည) ကျေးရွာအဆင့် လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး သင်တန်းသည် လုပ်ငန်း လည်ပတ် ရေး နှင့် ပြုပြင်ထိန်းသိမ်းရေး ဆပ်ကော်မတီဝင်များ အား စီမံကိန်း လုပ်ငန်းခွဲ များ ရေရှည် တည်တံ့ ခိုင်မြဲစေရန် အတွက် ပြုလုပ်ပေးခြင်း ဖြစ်သည်။



    (ဋ) ကျေးရွာအဆင့် ကျား-မ ရေးရာ သင်တန်းသည် ကျေးရွာ ကော်မတီဝင်များ စီမံကိန်းဆောင်ရွက်ရာ တွင် ကျေးရွာ လူထုအား ကျား-မ အခန်း ကဏ္ဍ ပူးပေါင်းပါဝင်မှု မြင့်မားလာစေရန်အတွက်  ပြုလုပ်ပေး ခြင်းဖြစ်သည်။



    (ဌ) ကျေးရွာ အဆင့် စောင့်ကြည့် ကြီးကြပ်ရေး သင်တန်းသည် ကျေးရွာ စောင့်ကြည့် ကြီးကြပ်ရေး ဆပ် ကော်မတီဝင်များမှ လုပ်ငန်းခွင် အတွင်း စီမံကိန်း ဆောင်ရွက်မှုများ၊ လုပ်ငန်း တိုးတက်မှုများကို စောင့်ကြည့် လေ့လာတတ် စေရန် နှင့် အစည်းအဝေး မှတ်တမ်းများ ပြုစု ထိန်းသိမ်းတတ်စေရန် ပြုလုပ် ပေးခြင်း ဖြစ် သည်။



    (ဍ) အခြား သင်တန်းများ ( ပြည်ထောင်စု အဆင့်၊ မြို့နယ် အဆင့်များ တွင် ဒေသ လိုအပ်ချက်အရ ပေးနိုင်သော သဘာဝဘေး လျော့ချရေး၊ ပြန်လည်တုံ့ပြန်နိုင်ရေး၊ စီမံခန်ခွဲရေး သင်တန်းများ နှင့် ပဋိပက္ခ ဖြေရှင်းဆောင်ရွက်တတ်ရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး သင်တန်းများ၊ စည်းရုံးလှုံဆော်မှုဆိုင်ရာ သင်တန်းများ၊ ဘာသာရပ် ဆိုင်ရာ မွမ်းမံသင်တန်းများ စသဖြင့်)  

 

ပြည်ထောင်စု အဆင့် တွင် အောက်ဖေါ်ပြပါ သင်တန်းများကို အဓိက ပြုလုပ်ပေးနေပါသည်-

(က) ကျေးလက်ဦးစီးဝန်ထမ်းများအတွက် လူထုဗဟိုပြုစီမံကိန်း စီမံခန့်ခွဲရေး သင်တန်း

(ခ) လုပ်ငန်းခွင်ဝင်သင်တန်း (Start-up Training)

(ဂ) ဆရာဖြစ် သင်တန်းများ TOT (Training of Trainer)

(ဃ) ဘာသာရပ်အလိုက် သင်တန်းများ နှင့် မွမ်းမံသင်တန်းများ (အခြေခံအဆောက်အဦ၊ ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ စောင့်ကြည့်ကြီးကြပ်ရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲခြင်း၊ ကျား-မ ရေးရာ၊ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းခြင်း၊ သတင်းပြန်ကြားဆက်သွယ်ရေး၊ အခြားသင်တန်းများ စသဖြင့်)

မြို့နယ် အဆင့် တွင် အောက်ဖေါ်ပြပါ သင်တန်းများကို အဓိက ပြုလုပ်ပေးနေပါသည်-

(က) စည်းရုံးရေးမှူးများ သင်တန်း (Training for Facilitators- TOF 1,2,3)

(ခ) လက်ထောက်နည်းပညာမှူးများ သင်တန်း (TTF- Trainer for Technical Facilitator)

(ဂ) ဘာသာရပ်အလိုက် သင်တန်းများ နှင့် မွမ်းမံသင်တန်းများ (အခြေခံအဆောက်အဦ၊ ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ စောင့်ကြည့် ကြီးကြပ်ရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲခြင်း၊ ကျား-မ ရေးရာ၊ ဝေဖန်အကြံပြု တိုင်ကြား ဖြေရှင်းခြင်း၊ သတင်းပြန်ကြားဆက်သွယ်ရေး၊ လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး၊ အခြားသင်တန်းများ စသဖြင့်)

 

ကျေးရွာလူထု အဆင့် တွင် အောက်ဖေါ်ပြပါ သင်တန်းများကို အဓိက ပြုလုပ်ပေးနေပါသည်-

(က) ကျေးရွာလူထု ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း

(ခ) ကျေးရွာလူထု စီမံကိန်း စီမံခန့်ခွဲမှု သင်တန်း (Community Management Team Training)

(ဂ) ကျေးရွာအဆင့် ဝယ်ယူရေး သင်တန်း

(ဃ) လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး သင်တန်း

(င) ကျား-မ ရေးရာသင်တန်း

(စ) ဝေဖန်အကြံပြု တိုင်ကြားမှု ဖြေရှင်းရေးသင်တန်း

(ဆ) စောင့်ကြည့်ကြီးကြပ်ရေး သင်တန်း

(ဇ) ကျေးရွာလူထုအတွက် လိုအပ်သော အခြား သင်တန်းများ