အမေးအဖြေကဏ္ဍ

သတင်းပြန်ကြားဆက်သွယ်ရေးဆိုသည်မှာ စီမံကိန်း အကောင်အထည်ဖော်ရာတွင် လုပ်ထုံး လုပ် နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ အကောင်အထည်ဖော်နေစဉ် ကာလ တစ်လျှောက်လုံး စီမံကိန်းအကြောင်း လူအများ သိရှိနားလည်စေရန်၊ စီမံကိန်းအကောင်အထည် ဖော်မှု အခြေအနေများ၊ ရလဒ်များနှင့် အကျိုးအကြောင်း ဖြစ်စဉ်အသီးသီးကို စီမံကိန်းတွင် ပါဝင်ပတ် သက်သူအားလုံးသာမက ပြည်သူအားလုံး အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ထုတ်ပြန် ဆောင်ရွက် သည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။

စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ စာရွက်စာတမ်းများ၊ လက်စွဲစာအုပ်များ၊ အစီရင်ခံစာများနှင့် လတ်တလော ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စီမံကိန်းဝက်ဘ်ဆိုက် (cdd.drdmyanmar.org) တွင်လည်းကောင်း၊ စီမံကိန်း၏ facebook page (Community Driven Development - CDD Myanmar) တွင်လည်းကောင်း၊ facebook group (NCDDP Myanmar) တွင်လည်းကောင်း အချိန်နှင့်တပြေးညီ ဖော်ပြထားပြီး စိတ်ဝင်စားသူတိုင်း အလွယ်တကူ download ရယူနိုင်ပါသည်။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် ပါဝင်သူများအနေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ချိန်မှစ၍ ပြီးဆုံးသည်အထိ စီမံကိန်းကြီး တစ်ခုလုံး၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် သိရှိနားလည်ရန် လိုအပ်ပါသည်။ သို့မှသာ လုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်သည်။

ထို့အပြင် အကောင်အထည်ဖော်နေစဉ် ကြုံတွေ့ရသည့် အခက်အခဲများ၊ အောင်မြင်မှုများ၊ ရလဒ်များကို စီမံကိန်းတွင်ပါဝင်သူများသာမက ပြည်သူလူထုအားလုံး သိရှိစေရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခြင်းဖြင့် အထင်အမြင်လွဲမှားမှုများကို ရှောင်ရှားနိုင်ပြီး အစိုးရဌာန အဖွဲ့အစည်း များနှင့် စီမံကိန်းမိတ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင် ရွက်နိုင်မည် ဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်း၏ အကျိုးကျေးဇူးကို တိုက်ရိုက် ခံစားရ သော စီမံကိန်းမြို့နယ်အတွင်းရှိ ကျေးရွာလူထု၊ ပါဝင်အကောင်အထည်ဖော်သော အစိုးရ အဖွဲ့အစည်း များနှင့် အခြားအဖွဲ့အစည်းများ၊ သွယ်ဝိုက် အကျိုးခံစားရသူများဖြစ်သော စီမံကိန်းနယ်မြေ ပြင်ပရှိ အများပြည်သူနှင့် အခြားဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် သတင်းဆက်သွယ်ပြန်ကြားမှု ပြုလုပ်ပါ သည်။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် လိုက်နာလုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်း တစ်ခုချင်းကို အလွယ်တကူနားလည်သဘောပေါက်စေရန် ကျေးရွာလူထုအတွက် ပိုစတာများ၊ လက်ကမ်းစာစောင် များ ဖန်တီးပေးခြင်း၊ ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအတွက် စီမံကိန်းလက်စွဲ လမ်းညွှန်စာအုပ်များ ဖြန့်ဝေပေးခြင်း၊ စီမံကိန်းဆောင်ရွက်မှုအခြေအနေကို ကျေးရွာ လူထု သိရှိစေရန် ကျေးရွာကြော်ငြာသင်ပုန်းများ ထားရှိပြီး စီမံကိန်းစာရွက်စာတမ်းများ ကပ်ထား ပေးခြင်းဖြင့်် သတင်းအချက်အလက်များ အလွယ်တကူ လက်လှမ်းမီရရှိစေရန် ကူညီပေးသည်။ ထို့အပြင် စီမံကိန်းမြို့နယ်များတွင် သတင်းအချက်အလက်မျှဝေခြင်း လှုပ်ရှားမှုများ လစဉ် ပုံမှန် ဆောင်ရွက်ခြင်း၊ သတင်းစာ ဂျာနယ်များတွင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ စဉ်ဆက်မပြတ် ဖော်ပြပေးခြင်းဖြင့် စီမံကိန်းအကြောင်း အများပြည်သူ သိရှိအောင် ပံ့ပိုးပေးသည်။