လူထုဗဟိုပြုစီမံကိန်း ဝယ်ယူရေးဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

၅-၆-၂၀၁၇ နေပြည်တော်

လူထုဗဟိုပြုစီမံကိန်း ဝယ်ယူရေးဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၅-၆-၂၀၁၇) ရက်နေ့

ပျဉ်းမနားမြို့မြောက်လွတ်ကုန်းသင်တန်းခန်းမတွင် ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

အမှာစကားပြောကြားရာတွင် ဝယ်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော

ဝယ်ယူရေးလမ်းညွှန်ချက်များနှင့် ကမ္ဘာဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား

အထူးအလေးထား ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပါသည်။

၎င်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ ပစ္စည်းများဝယ်ယူရာတွင် ပေးဆောင်ရမည့်

အခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော သင်တန်းသားများအနေဖြင့်

မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဖုန်းဖြင့်လည်းဆက်သွယ်မေးမြန်းနိုင်ပါကြောင်း

ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ညွှန်ကြာားရေးမှူး ဦးကျော်စွာအောင်၊ ပြည်ထောင်စုအဆင့် ဝယ်ယူရေးဌာနမှ

စီမံကိန်း သင်တန်းဆရာ/ဆရာမများ နှင့် စီမံကိန်းမြို့နယ်(၂၇)မြို့နယ်မှ သင်တန်းသား/သင်တန်းသူ(၅၄)ဦး

တက်ရောက်ကာ သင်တန်းကို(၅-၆-၂၀၁၇)ရက်နေ့မှ (၇-၆-၂၀၁၇)ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

Expire Date: 

07-06-2017