လူထုဗဟိုပြုစီမံကိန်းအကြောင်းမိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားစာ (ပုဏ္ဏားကျွန်းမြို့နယ်)

၂၀၁၇-၂၀၁၈ ခုနှစ်၊ စီမံကိန်း ပဥ္စမနှစ်စက်ဝန်းအတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရွေးချယ်ခံရသည့် ရခိုင်ပြည်နယ်၊

ပုဏ္ဏားကျွန်းမြို့နယ် တွင် ၂၀၁၈ ဖေဖာ်ဝါရီလ (၆) ရက်နေ့တွင် လူထုဗဟိုပြုစီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်ပါအစီအစဉ်

အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်-

စဉ်           မြို့နယ်အမည်            တိုင်း/ပြည်နယ်       ကျင်းပမည့်နေ့ရက် ကျင်းပမည့်နေရာ

 

၁။            ပုဏ္ဏားကျွန်းမြို့နယ်     ရခိုင် ၆.၂.၂၀၁၈                 မြို့နယ်ခန်းမ

 

ဆွေးနွေးပွဲတွင် ကျေးရွာလူထုအတွက် စီမံကိန်းလုပ်ငန်းခွဲများအကြောင်း ရှင်းလင်းခြင်းနှင့် အစီအစဉ်အားလုံးကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ

ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်း များအနေဖြင့် အထက်ဖော်ပြပါ မြို့နယ်တွင်ကျင်းပမည့်

လူထုဗဟိုပြုစီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့

အစည်းအဝေးကျင်းပရန် သတ်မှတ် ထားသည့် နေ့ရက်မတိုင်မီ (၃) ရက်အတွင်း နောက်မကျစေဘဲ ဆက်သွယ် အကြောင်းကြား ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

Documents: