စီမံကိန်းမြို့နယ်ရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်းအစည်းအဝေးပွဲ ဖိတ်ကြားလွှာ

စီမံကိန်းမြို့နယ်ရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်းအစည်းအဝေးပွဲ ဖိတ်ကြားလွှာ

 

၁၆ ဇန်နဝရီလ ၂၀၂၀၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့။

မိတ်ဆွေများရှင့်

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းကို ၂၀၁၃ ခုနှစ်မှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခုမှ မြို့နယ် (၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအဌမနှစ်စက်ဝန်းတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်နှင့် ကယားပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ်တစ်မြို့နယ်စီဖြင့် စုစုပေါင်း မြို့နယ်(၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်းအစေည်းအဝေးကို သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ်၏ မြို့တော်များတွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ယင်းအစည်းအဝးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည်ဖြစ်ပါသည်။

မွန်ပြည်နယ်အတွက် မြို့နယ်ရွေးချယ်ခြင်းအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပသွားမည်ဖြစ်ပါသည်။ အစည်းအဝေးအစီအစဉ်ကို ဤစာနှင့်အတူ ပေးပို့အပ်ပါသည်။ အစည်းအဝေးကို မြန်မာဘာသာတစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန် ပေးမည့်အစီအစဉ် ပါဝင်ခြင်းမရှိပါ။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအနေဖြင့် မော်လမြိုင်မြို့တွင် ကျင်းပမည့် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ ဇန်နဝါရီလ (၁၃) ရက်နေ့ထက်နောက်မကျစေဘဲ ဆက်သွယ်အကြောင်းကြားပေးပါရန်နှင့် မော်လမြိုင်မြို့ အစည်းအဝေးအတွက် အချက်အလက်များနှင့် အစီအစဉ်များကို ဆက်လက်အကြောင်းကြား သွားမည်ဖြစ်ပါကြောင်း လေးစားစွာအကြောင်းကြားပါသည်။

Documents: