ဒုတိယအကြိမ်လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် စည်းရုံးရေးမှူးများဖိုရမ် (CF Forum)ကျင်းပ

၁၇-သြဂုတ်လ-၂၀၁၇ နေပြည်တော် လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် စည်းရုံးရေးမှူးများဖိုရမ် (CF Forum)ဖွင့်ပွဲအား သြဂုတ်လ (၁၇)ရက်၂၀၁၇ တွင် ပျဉ်းမနားမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြောက်လွှတ်ကုန်း၊ သင်တန်းခန်းမတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှခိုင်မှ အဖွင့်အမှာစကားပြောကြာ၍ ဖွင့်လှစ်ခဲ့ပြီး စီမံကိ်န်းမြို့နယ်များမှ လူထုစီးရုံးရေးမှူးများ၊တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ CF ဖိုရမ် ဒုတိယအကြိမ်အား (၁၇/၁၈.၈.၂၀၁၇)ရက်နေ့များတွင်ကျင်းပမည်ဖြစ်ပြီး ကန်ပက်လက်မြို့နယ်မှ (၂၁)ဦး၊ စေတုတ္တရာ မြို့နယ်မှ(၂၂)ဦး၊ လေးမျက်နှာ မြို့နယ်မှ(၃၆)ဦး၊ သာပေါင်း မြို့နယ်မှ(၂၅)ဦး၊ ကြံခင်း မြို့နယ်မှ(၁၆)ဦး၊ ငါန်းဇွန် မြို့နယ်မှ(၁၁)ဦး၊ မြောင် မြို့နယ်မှ(၁၂)ဦး၊ မိုးညို မြို့နယ်မှ(၁၄)ဦး၊ ချောင်းဆုံ မြို့နယ်မှ (၁၁)ဦး၊ မတူပီ မြို့နယ်မှ(၅)ဦး၊ ထီးလင်း မြို့နယ်မှ(၅)ဦး၊ ပေါက် မြို့နယ်မှ(၅)ဦး၊ ငပုတော မြို့နယ်မှ(၅)ဦး၊ ပန်းတောင်း မြို့နယ်မှ(၅)ဦး၊ ပျဉ်းမနား မြို့နယ်မှ(၃)ဦး၊ စုစုပေါင်း (၁၉၆)ဦးခန့်တက်ရောက်ကြပါသည်။