လူထု ဗဟိုပြု စီမံကိန်း သတင်း ပြန်ကြား ဆက်သွယ်ရေးနှင့် ဝေဖန် အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး မွမ်းမံ သင်တန်း ပို့ချ

NCDDP’s Virtual Refresher Training Organized for Communications and Grievance Handling Machanism

Nay Pyi Taw, 30 December 2020

ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထု ဗဟိုပြု စီမံကိန်းမှ သတင်း ပြန်ကြား ဆက်သွယ် ရေးနှင့် ဝေဖန် အကြံပြု တိုင်ကြား ဖြေရှင်းရေး မွမ်းမံ သင်တန်းကို Video Conferencing စနစ်ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က စတင် ကျင်းပခဲ့ရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဖြစ်သော လူထု ဗဟိုပြု စီမံကိန်း ဒါရိုက်တာ ဒေါ်ညိုညိုဝင်းက အဖွင့် အမှာစကား ပြောကြားပေးခဲ့သည်။

အဆိုပါ မွမ်းမံ သင်တန်းသို့ လူထု ဗဟိုပြု စီမံကိန်း လက်ရှိ ဆောင်ရွက်နေ ဆဲဖြစ်သော မြို့နယ် ၁၆ မြို့နယ်နှင့် တိုင်းနှင့် ပြည်နယ် ဒေသ အသီးသီးမှ သတင်း ပြန်ကြား ဆက်သွယ်ရေး ဆိုင်ရာ တာဝန်ခံ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြပြီး၊ နေပြည်တော် လူထု ဗဟိုပြု စီမံကိန်း ရုံးချုပ်မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်း ဆရာ၊ ဆရာမများမှ ၂ ရက်ကြာ သင်ကြားပို့ချပေးခဲ့ပါသည်။

သင်တန်းတွင် လူထု ဗဟိုပြု စီမံကိန်း မန်နေဂျာ ဦးလှခိုင်က မြို့နယ်နှင့် ကျေးရွာ အဆင့် သတင်း ပြန်ကြား ဆက်သွယ်ရေး ဆိုင်ရာ အစီအစဉ် ရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဆောင်ရန် ရှောင်ရန်နှင့် နည်းဗျူဟာများ အကြောင်း ဆွေးနွေး ပို့ချပေးခဲ့ပြီး၊ သတင်း ပြန်ကြား ဆက်သွယ်ရေးဆိုင်ရာ နည်းဗျူဟာ၊ အစီအစဉ်များ၊ လူမှု ကွန်ယက်နှင့် စီမံကိန်း အင်တာနက် စာမျက်နှာတွင် သတင်း တင်ဆက်ခြင်း၊ သတင်း ပြန်ကြား ဆက်သွယ်ရေး ဆိုင်ရာ ပို့စတာ၊ လက်ကမ်း စာစောင်နှင့် လက်စွဲ စာအုပ်များ အကြောင်း၊ သတင်းနှင့် အောင်မြင်မှု အကြောင်းအရာများ ရေးသား တင်ဆက်ခြင်းနှင့် သတင်း ရေးသား တင်ဆက်ခြင်း၊ ရုပ်သံ ရိုက်ကူးခြင်း၊ ဓါတ်ပုံ ရိုက်ကူးခြင်းတို့ တွင် ကျား-မ ရေးရာ ကဏ္ဍ သိထားသင့်သည့် အကြောင်းအရာများ၊ ဆောင်ရန် ရှောင်ရန်နှင့် ဝေဖန် အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး စသည့် အကြောင်းအရာများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် သင်တန်း ဆရာ၊ ဆရာမများက ပို့ချပေးခဲ့ပါသည်။

#NCDDP, #DRD, #MOALI, #WorldBank