လှိုင်းဘွဲမြို့နယ် ပတ်ကျောရွာလေးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

NCDDP’s Village Concrete Street Construction Kicked Off in Pat Kyaw Ywar Lay Village of Hlaingbwe

Kayin, 23 December 2020, MOI Webportal

လှိုင်းဘွဲ ဒီဇင်ဘာ ၂၃

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပတ်ကျော ကျေးရွာ အုပ်စု ပတ်ကျော ရွာလေး ကျေးရွာမှာ ကျေးလက်နေ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် အတွက် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၃၃ သိန်း ကျပ်ဖြင့် လမ်း အရှည် ပေ ၈၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မ ကို လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပါက ပတ်ကျောရွာ လေး ကျေးရွာမှ အိမ်ထောင်စု (၁၇၂) စု၊ လူဦးရေ (၁၃၂၆) ဦး တို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် သွားလာရေး လွယ်ကူ အဆင်ပြေလာမှာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဆောင်ရွက်နေမှုနှင့် ပတ်သတ်၍ ကျေးရွာ ကော်မတီဝင် တစ်ဦး (စောသန်းလင်းဇော်) က ယခုလိုပဲ ပြောပါတယ်။

“ကျနော် လှိုင်းဘွဲ့ မြို့နယ် ပတ်ကျောကျေးရွာ ရွာလေးပိုင်း လူထု ဗဟိုပြု စီမံကိန်း (CDD) စာရင်းကိုင် စောသန်းလင်းဇော် ဖြစ်ပါတယ်။ ဒီလမ်းကို ကမ္ဘာ့ဘဏ် ပံ့ပိုးမှုနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်၍ ကျနော်တို့ လူထု ဗဟိုပြု စီမံကိန်း ရန်ပုံငွေနဲ့ လုပ်တာ ဖြစ်ပါတယ်။ ကျနော်တို့ ရန်ပုံငွေက ၁၃၃ သိန်း ဖြစ်ပါတယ်။ အရှည်ကတော့ ပေ ၈၀၀ ဖြစ်ပါတယ်။ အကျယ်ကတော့ ၁၄ ပေ ဖြစ်ပါတယ်။ အထူက တော့ ၆ လက်မ ဖြစ်ပါတယ်။ အရင်က လမ်းအခြေအနေကတော့ ဖုန်တွေ ထ နေပါတယ်။ အခု အခြေအနေကတော့ ကွန်ကရစ် လမ်းခင်းတယ် ဆိုတော့ ပိုပြီးတော့ သွားရလာရ အဆင်ပြေပါတယ်။ မိုးရာသီပဲ ဖြစ်ဖြစ် နွေရာသီပဲ ဖြစ်ဖြစ် ဖုန်တွေလည်း မရှိတော့ဘူး၊ ကျန်းမာရေး အတွက်လည်း ကောင်းမွန်လာပါတယ်။ သွားရလာရတာလည်း လွယ်ကူလာပါတယ်။ အစိုးရ၊ ကမ္ဘာ့ဘဏ် နဲ့ လူထု ဗဟိုပြု စီမံကိန်းက အကြီးအကဲတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်လာမယ့် စီမံကိန်းတွေ ကိုလည်း ကြိုဆိုပါတယ်။ ဒီလုပ်ငန်းတွေကို နည်းလမ်းသိအောင် မူဘောင် သိအောင် လုပ်ပေးတဲ့ အတွက်ကြောင့် အထက်က လူကြီးတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်”

အဆိုပါ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ကို လူထု ဗဟိုပြုစီမံကိန်းမှ လက်ထောက် နည်းပညာမှူး နန်းဆုလဲ့ဖြူ၊ လူထု စည်းရုံးရေးမှူး နန်းသန်းသန်းတို့မှ အနီးကပ် ကြီးကြပ်မှု မြို့နယ် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တစ်ကျ လမ်းညွှန်မှု၊ ရပ်ရွာ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

လှိုင်းဘွဲ့ (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – MOI Webportal

https://web.facebook.com/MOIWebportalMyanmar/videos/416598789752923