လူထု ဗဟိုပြု စီမံကိန်း တွန်းဇံမြို့နယ် ရှာလ်ထော်ဇန် ကျေးရွာမှာ စီမံကိန်း လုပ်ငန်းခွဲရွေးချယ်

Meeting Organized for Selection of Sub-project Activities in Tongzang

Chin, 1 December 2020, SkyNet Media Coverage

 

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေ ရာမှာ လမ့်ထန်‌ ကျေးရွာ အုပ်စု၊ ရှာလ်ထော်ဇန် ကျေးရွာမှာ စီမံကိန်း မိတ်ဆက် အစည်းအဝေး၊ လုပ်ငန်းခွဲ ရွေးချယ်ခြင်း အစည်းအဝေးနဲ့ လုပ်ငန်းခွဲ ဆောင်ရွက်နိုင်ဖို့ ကွင်းဆင်း တိုင်းတာခြင်းတွေကို တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ ဒေါ်ရှန်ရှင်းပါလ် နှင့် တွန်းဇံ ံ့မံမြို့နနယ်

ံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း၊ စောင့်ကြည့် ကြီးကြပ်ရေးဆိုင်ရာ နည်းပညာ အကြံပေး ဒေါ်ခိုင်မာလာနွယ် နှင့် တာဝန်ခံ လူထု စည်းရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူး တို့က နိုဝင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်တွေမှာ ကွင်းဆင်း ဆောင်ရွက်ကြပါတယ်။

ကွင်းဆင်း ဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ အညီ ဆောင်ရွက်ခဲ့ပြီး၊ ကော်မတီဝင်တွေနဲ့ ဝန်ထမ်းတွေက ဦးဆောင်ကာ အိမ်တိုင်ရာရောက် ပုံစံတွေ ဖြည့်သွင်းတာ ချပြ ရှင်းလင်းခြင်းတွေ ဆောင်ရွက်ကြပါတယ်။

အဲဒီနောက် လုပ်ငန်းခွဲတွေ ရွေးချယ်ခြင်း ဦးစားပေး အဆင့်များ သတ်မှတ်ခြင်းတွေ ပြုလုပ် ကြပြီး အခု စတုတ္ထနှစ် စက်ဝန်းမှာ ရှာလ်ထော်ဇန် ကျေးရွာမှာဆောင်ရွက်မယ့် ရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းကို မြေပြင်အနေအထား အသေးစိတ်ကို ကွင်းဆင်းတိုင်းတာ ကြပါတယ်။

အဲဒီ ရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးသွားရင် လမ့်ထန် ကျေးရွာ အုပ်စု၊ ရှာလ်ထော်ဇန် ကျေးရွာ အတွင်းမှာ ရှိတဲ့ အိမ်ထောင်စု ၂၂၀ က လူဦးရေ ၁၁၁၄ ဦးတို့အတွက် အကျိုးခံစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage