ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ကျေးရွာများ ရွေးချယ်

Village Selection Meeting Held for Village Revolving Fund Project in Hlaingbwe

Kayin, 17 November 2020, Development News TV

 

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာများ ရွေးချယ်ခြင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီက လှိုင်းဘွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ ဌာနဆိုင်ရာ မြို့နယ် အဆင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော် ရေး လုပ်ငန်း ကော်မတီဝင်များက တက်ရောက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး၊ ဒေါ်အေးမြန္ဒာထွန်းက ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းနှင့် ပတ်သတ်၍ စီမံကိန်း ကျေးရွာများ ရွေးချယ်ရမည့် အခြေခံ စံသတ်မှတ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော တာဝန်ရှိသူများက ရွေးချယ်ရမည့် အခြေခံ စံသတ်မှတ်ချက်များနှင့် အညီ ကျေးရွာများကို ပေါင်းစပ် ညှိနှိုင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲ့ မြို့နယ်အတွင်း ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် တွင် ကျေးရွာ ၉ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ် တွင် ကျေးရွာ ၆ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းထံမှ သိရသည်။

 

သတင်း - သီသီမာ (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/2678638805733061