လယ်ဝေးမြို့နယ်အတွင်း Cash for Work Project ဖြင့်ဆောင်ရွက်သည့် ကျေးရွာများအား ကွင်းဆင်းကြည့်ရှု၍ အားပေး

လယ်ဝေး ဇူလိုင် ၆

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်း ခံရသည့် ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အခြေခံအဆောက်အုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာပေါင်း (၂၅၀၀) တွင် Cash For Work Project အား အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Projectကို လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာ(၄၈)တွင် ဆောင်ရွက်မည်ဖြစ်ပြီး ယမန်နေ့ နံနက်(၈) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးဌေးဝင်း၊ ဒက္ခိဏခရိုင်ဦးစီးမှူး ဦးမျိုးတင့်နှင့် တာဝန်ရှိ သူများက မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာ ဖြစ်သည့်သော်မှော်ကုန်းအုပ်စု ကံသာကျေးရွာတွင် ရွာအဝင် ရိစာလမ်းပြုပြင်ခြင်းနှင့် လမ်းဘေးရေမြောင်းတူးခြင်း၊ ရွာတွင်းလမ်းသွယ် လမ်းဘေးရေမြောင်းတူးခြင်း၊ မျောတိုင်ဝါးကပ်များဖြင့်ကာရံခြင်း၊ ရွာဘောလုံးကွင်းပတ်လည် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ဝင်ကျေးရွာအုပ်စုတတ်တိုး သဲကောရွာတွင် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်း ပြောကြား သည်။

ထို့နောက် လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာအုပ်စု ငှက်ပျောတောကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေအဖြစ် ၄လက်မစက်ရေတွင်း တူးဖော်ခြင်း ဂါလံ၂၄၀၀ ဆံ့ စင်မြင့် ရေစင်နှင့် ရေစက်ရုံ၊ ရေပိုက်လိုင်းပေ၃၀၀ သွယ်တန်းခြင်းလုပ်ငန်းများ နှင့် ပျဉ်းမနားမြို့နယ် ပုရွက်ဆိတ်ကုန်းနှင့် သစ်လေးလုံးကျေးရွာတို့တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအားသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/6/07/2020/id-22887