ဖရူဆို မြို့နယ် Cash for Work စီမံကိန်း နှင့် ကျေးရွာ မတည် ရန်ပုံငွေ VRFP စီမံကိန်း လုပ်ငန်းများနှင့် စာရွက်စာတမ်းများကို ကွင်းဆင်း စစ်ဆေး

Documentation and Outputs of Cash for Work and Village Revolving Fund Project in Hpruso Monitored by Respective Officials

Kayah, 10 November 2020, SkyNet Media Coverage

 

ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး နည်းပညာ ဦးထွန်းချစ်၊ လွိုင်ကော် ခရိုင် ဦးစီးမှူး ဦးသောင်း မြင့်နဲ့ အဖွဲ့ တာဝန်ရှိသူတွေဟာ နိုဝင်ဘာလ ၇ ရက်နေ့က ဖရူဆို မြို့နယ်မှာ Cash for Work စီမံကိန်း ကျေးရွာ ၂၄ ရွာနဲ့ ကျေးရွာ မတည် ရန်ပုံငွေ VRFP စီမံကိန်း ကျေးရွာ ၁၁ ရွာတို့ရဲ့ စာရင်း ဇယား ပုံစံတွေ ပြည့်စုံစွာ ဖြည့်သွင်းထားတာ အခြေအနေတွေနဲ့ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ကျေးရွာ ၂၄ ရွာ အနက်က ဒေါလောခူ ကျေးရွာ၊ ဒေါကလော်လဲ ကျေးရွာ၊ ရာဧပရားကျေးရွာနဲ့ ဟိုယာကျေးရွာတွေမှာ ဆောင်ရွက်ထားရှိတဲ့ စီမံကိန်း လုပ်ငန်းတွေကို မြေပြင်မှာ ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းတွေ ရေရှည် တည်တံ့ ခိုင်မြဲရေးကို ဝိုင်းဝန်း ကြဖို့ လမ်းညွှန် မှာကြားတယ်လို့ မြို့နယ် ဦးစီးမှူး ဒေါ်ဖြူစင်သန့် ထံကနေ သိရပါတယ်။

 

သတင်း - ရည်ရည်မြ (ကျေးလက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit - SkyNet Media Coverage

https://youtu.be/6IuzziazcIA