ပြည်ထောင်စု နယ်မြေ ဥတ္တရခရိုင် ဇေယျာသီရိ မြို့နယ်တွင် CFW စီမံကိန်းဖြင့် ဆောင်ရွက်သည့် ငါးမွေးမြူရေး ကန်အား ကျေးရွာ VDCသို့ လွှဲပြောင်း ပေးအပ်ခြင်းနှင့် ရေပေးရေး လုပ်ငန်း ဆောင်ရွက်မည့်အခြေအနေ များအား ကွင်းဆင်း စစ်ဆေး

Outputs of Cash for Work Activities in Zeya Thiri Township Handed Over to Village Development Committee

Naypyitaw, 7 November 2020, Development News TV

ပြည်ထောင်စု နယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဇေယျာသီရိ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် အစိုးရ၏ ကိုဗစ်ကာလ စီးပွားရေး ထိခိုက်မှု လျော့ချရေး အစီအစဉ် CERP အရ ကျေးလက်နေ ပြည်သူများအား ဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်သော CFW စီမံကိန်း ကျေးရွာ ၁၁ ရွာ အနက်မှ သက်နှင်းအေး ကျေးရွာ အုပ်စု သက်နှင်းအေး ကျေးရွာ၌ သုည ဒသမ ၇၂ ဧက ရှိသည့် ကျေးရွာပိုင် ငါးမွေးမြူရေး ကန် သစ် အား ကျေးရွာ အဆင့် Cash for Work စီမံကိန်း ကော်မတီမှ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ (VDC) ထံသို့ လွှဲပြောင်း ပေးအပ်မှု အခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ၎င်း ကျေးရွာ ခန်းမတွင် ကျင်းပခဲ့ရာ ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးလှထွေး၊ ဥတ္တရခရိုင် ဇေယျာသီရိ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးဇော်နှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများ တက်ရောက် ခဲ့ကြပါတယ်။

ဆက်လက်၍ ဥတ္တရခရိုင် ဦးစီးမှူး ဦးလှထွေးနှင့် အဖွဲ့သည် ယင်းကျေးရွာ၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မွမ်းမံ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက် ရေရရှိရေး အခြေအနေများအား ကျေးရွာမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ မြေပြင်ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးလှထွေးထံမှ သိရှိရပါတယ်။

သတင်း - ဆက်ချစ် (ကျေးလက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage

https://web.facebook.com/108312817273501/videos/716515962556353