လူထု ဗဟိုပြု စီမံကိန်းမှ လက်ပံကုန်းကျေးရွာတွင် လူဦးရေ (၁၆၁၉) ဦးအတွက် အကျိုးပြုမည့် ရွာတွင်း ကွန်ကရစ်လမ်းခင်း

NCDDP’s Village Street Construction in Let Pan Kone Village of Hlaingbwe

Kayin, 7 November 2020, Ministry of Information Media Coverage

လှိုင်းဘွဲ နိုဝင်ဘာ ၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အိမ်​ထောင်စု (၂၂၂)စု၊ လူဦးရေ (၁၆၁၉)ဦး အတွက် အကျိုးပြု နိုင်မည့် ​သာယာကုန်း ကျေးရွာ အုပ်စု ​​​လက်ပံကုန်း ကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းသည် လူထုဗဟိုပြု စီမံကိန်းမှ​ ထောက်ပံ့​ငွေ (၂၄,၄၅၀,၀၀၀)ကျပ်ဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၀၈၀ပေ x အကျယ် ၁၆ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံ​ပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက် နည်းပညာမှူး ​ဒေါ်ဝင်းဇာနည်ခိုင်၊ လူထုစည်းရုံး​ရေးမှူး​​​ စောသန်း​ကျော်လင်း တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/​ကျေးရွာသားတို့၏ ပူး​ပေါင်းပါဝင်မှုတို့ဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်ခြင်းဖြစ်​ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/20150

http://www.mdn.gov.mm/my/lkpnkunkeraattng-luuuure-1619-uuattk-akiupumnny-raattngknkrclmkhng