မြင်းမူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) နှင့် Cash for Work စီမံကိန်း (CFW) လုပ်ငန်း များ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး၍ ကျေးရွာ ကော်မတီဝင်များ ထံသို့ လုပ်ငန်း လွှဲ ပြောင်းပေးအပ်ပွဲ ကျင်းပ

Outputs of Village Development Project and Cash for Work Project Handed Over to Respective Village Committees

Sagaing, Development News TV

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း VDP နှင့် Cash for Work (CfW) စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော စီမံကိန်း လုပ်ငန်းများအား သက်ဆိုင်ရာ ကျေးရွာ ကော်မတီဝင်များထံသို့ လုပ်ငန်း လွဲပြောင်း ပေးအပ်ခြင်းကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း VDP ဖြင့် ကျေးရွာ ၁၀ ရွာမှာ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ၅ ခု၊ ဂျင်းခင်းခြင်း လုပ်ငန်း ၂ ခု၊ လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်း ၃ ခုနှင့် Cash for Work (CfW) စီမံကိန်းဖြင့် ကျေးရွာ ၆ ရွာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းခွဲ ၇ ခု စုစုပေါင်း ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း ၁၆ ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအတွက် ကျေးရွာ ကော်မတီဝင် များထံသို့ မြို့နယ် ဦးစီးမှူး ဒေါ်ထားထားရီမှ လုပ်ငန်း လွှဲပြောင်း ပေးအပ်ခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ရေး၊ ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - အိုင်ဆူးကျော် (မြင်းမူ)၊ မောင်ခိုင် (ကျေးသီး)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/371493820862258

https://www.youtube.com/watch?v=dtmmva_Dlfo