ပျဉ်းမနားမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ ဆောင်ရွက် ခဲ့သည့် လုပ်ငန်းများ သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ

ပျဉ်းမနားမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ ဆောင်ရွက် ခဲ့သည့် လုပ်ငန်းများ သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ

Outputs of NCDDP’s Project Activities in Pyinmana Handed Over to Respective Departments

29 October 2020, Development News TV

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်း အချိန်က ကျင်းပခဲ့ကြောင်း သိရပါသည်။

အခမ်းအနားတွင် ပျဉ်းမနား မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက အဖွင့်အမှာ စကား ပြောကြား ခဲ့ပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ လွှဲပြောင်း လက်ခံခြင်းနှင့် ပတ်သတ်ပြီး၊ ရှင်းလင်း တင်ပြခဲ့ရာ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကျော်မိုးအောင်က လူထု ဗဟိုပြု စီမံကိန်း တတိယနှစ်၊ စတုတ္ထနှစ်တွင် ဆောင်ရွက်ခဲ့သည့် လွှဲပြောင်းမည့် လုပ်ငန်းများအား PowerPoint ဖြင့် ရှင်းလင်း တင်ပြခဲ့ကြောင်း သိရပါသည်။

ဆက်လက်၍ လူထု ဗဟိုပြု စီမံကိန်းမှ စာသင်ကျောင်း ခြံစည်းရိုးနှင့် မြေနေရာ တိုးချဲ့ခြင်း၊ တန်ဖိုးငွေ ကျပ်သန်း ၉၀ ဒသမ ၃၆၉ ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ၁၂ ခုအား မြို့နယ် ပညာရေး ဦးစီးဌာနသို့ လည်းကောင်း၊ မြေသားလမ်း ၆ လမ်း၊ ကျောက်ချောလမ်း ၁ လမ်းနှင့် ကွန်ကရစ်လမ်း ၁ လမ်းတို့အား တန်ဖိုးငွေ ကျပ်သန်း ၁၀၀ ဒသမ ၆၈၉ ဖြင့် ဆောင်ရွက်ခဲ့သည့် လမ်း ၈ လမ်းအား မြို့နယ် ကျေးလက် လမ်းဦးစီးဌာနသို့ လည်းကောင်း၊ ကျေးရွာ ၆ ရွာတွင် ဓါတ်အားလိုင်း သွယ်တန်းခြင်းအတွက် တန်ဖိုးငွေ ကျပ်သန်း ၄၈ ဒသမ ၃၅ ဖြင့် ဆောင်ရွက်ခဲ့သည့် မီးလင်းရေး လုပ်ငန်းများအား မြို့နယ် လျှပ်စစ် ဦးစီးဌာနသို့ လည်းကောင်း၊ စုစုပေါင်း တန်ဖိုးငွေ ကျပ်သန်း ၂၃၉ ဒသမ ၄၀၈ ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းခွဲပေါင်း ၂၆ ခုတို့အား သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းခဲ့ပြီး၊ မြို့နယ် ပညာရေး ဦးစီးဌာန ဒုမြို့နယ် ပညာရေးမှူးက ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း သိရသည်။

ပျဉ်းမနား မြို့နယ် အနေဖြင့် ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာ ၁၃၉ ရွာ ရှိ လူထု ဗဟိုပြု စီမံကိန်း၊ စတုတ္ထနှစ် စက်ဝန်းတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းခွဲပေါင်း ၁၄၉ ခုအား ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း - လွင်လွင်ဌေး (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/988616401638983