မလှိုင်မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းတွေကို လွှဲပြောင်း ပေးအပ်

Cash for Work Project’s Outputs in Mahlaing Handed over to Village Development Committees

Mandalay, 1 November 2020, SkyNet Media Coverage

 

မန္တလေးတိုင်း ဒေသကြီး မိထ္တီလာ ခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရဲ့ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်း ဆောင်ရွက်ခဲ့တဲ့ ကျေးရွာ ၁၅ ရွာမှာ ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်း၊ မြေသားရေကန် အနက်နှိုက် တူးဖော်ခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း စတဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်တာကြောင့် လုပ်ငန်းတွေ ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် အောက်တိုဘာလ ၂၇ ရက်နေ့က မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စုစုက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီထံကို လုပ်ငန်းတွေ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

သတင်း - ဟိန်းထက်ကျော် (မလှိုင်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage