လယ်ဝေးမြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းတွေ ပြီးစီးမှု စာရင်း ဇယားတွေကို ကွင်းဆင်းစစ်ဆေး

Documentation for Cash for Work Project in Lewe Monitored by Respective Officials

Naypyitaw, 1 November 2020, SkyNet Media Covearge

 

နေပြည်တော် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဌေးဝင်း၊ ဒက္ခိဏ ခရိုင် ဦးစီးမှူး ဦးမျိုးတင့်နဲ့ အဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့က လယ်ဝေးမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးကို သွားရောက်ပြီး၊ ၂၀၂၀ ခုနှစ် စက်တင်ဘာလ အတွင်း ဆောင်ရွက်ပြီးစီးခဲ့တဲ့ Cash for Work စီမံကိန်း ကျေးရွာ ၄၈ ရွာနဲ့ Pilot Project အဖြစ် ဆောင်ရွက်တဲ့ ကျေးရွာ တစ်ရွာ စုစုပေါင်း ကျေးရွာ ၄၉ ရွာ ရဲ့ စီမံကိန်း လုပ်ငန်းတွေ ပြီးစီးမှု စာရင်း ဇယားတွေ ရေးသွင်း ထားရှိမှုတို့ကို စစ်ဆေးခဲ့ကြောင်း လယ်ဝေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်သူရ ဆီကနေ သိရှိရပါတယ်။

သတင်း - ရည်ရည်မြ (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage