ပျဉ်းမနားမြို့နယ်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် နေပြည်တော်တိုင်း ဒုတိယ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ မှ ရုံးလုပ်ငန်းနှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

Documentation for Village Revolving Fund Project in Pyinmana Monitored by Respective Officials

Naypyitaw, 27 October 2020, Development News TV

ပြည်ထောင်စု နယ်မြေ နေပြည်တော်တိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုကြည်နှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ စီမံကိန်း လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေတို့အား အောက်တိုဘာလ ၂၆ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှင့် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) ကျေးရွာ ၉ ရွာတွင် စီမံကိန်း ချေးငွေ ဖြင့် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုး၊ မွေးမြူရေး၊ အရောင်း အဝယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အပေါ် မူတည်၍ လုပ်ငန်း အမျိုးအစားအလိုက် တစ်ဦးချင်း ထုတ်ချေးမှု စာရင်း၊ ကွင်းဆင်း မှတ်တမ်းများ၊ အသုံးစရိတ် ပြေစာများ၊ ဘဏ်စာရင်း ရှင်းတမ်းများနှင့် ကိုက်ညီမှု ရှိမရှိ၊ အသုံးစရိတ်များအား ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့် အညီ သုံးစွဲမှု ရှိမရှိ တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။

သတင်း - လွင်လွင်ဌေး (ကျေးလက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://www.facebook.com/108312817273501/videos/692456938353596