မလှိုင်မြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် Cash for Work စီမံကိန်း လုပ်ငန်းများ ကျေးရွာ ကော်မတီဝင်များ ထံသို့ လုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

Outputs of Cash for Work Project in Mahlaing Handed Over to Respective Village Committees

29 October 2020, Development News TV

မန္တလေးတိုင်း ဒေသကြီး မိထ္တီလာ ခရိုင် မလှိုင် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှု စီးပွားဘဝ ထိခိုက်မှုများကို တုန့်ပြန် ဆောင်ရွက်သည့် အနေဖြင့် မိသားစု ဝင်ငွေ ရရှိစေရေးအတွက် Cash for Work စီမံကိန်း ဆောင်ရွက်ခဲ့သော ကျေးရွာ ၁၅ ရွာတွင် ကျေးရွာတွင်း လမ်း ဂျင်းခင်းခြင်း၊ မြေသားရေကန် အနက်နှိုက် တူးဖော်ခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း စသည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သော ကြောင့် လုပ်ငန်းများ ရေရှည် ထိန်းသိမ်းနိုင်ရေးအတွက် အောက်တို ဘာလ ၂၇ ရက်နေ့က မလှိုင် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စုစုမှ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီများထံသို့ လုပ်ငန်းများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ Cash for Work စီမံကိန်း သည် ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၀၀ အသုံးပြု၍ လုပ်အားခ ပေးချေခြင်း စနစ်ဖြင့် ကျေးရွာ ပြည်သူများ၏ လုပ်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ Cash for Work စီမံကိန်းကို မလှိုင် မြို့နယ် အတွင်းရှိ ကျေးရွာ ၁၅ ရွာတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဟိန်းထက်ကျော် (မလှိုင်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/842309569875162

https://youtu.be/e09Xdx_yojw