နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ C.F.W စီမံကိန်း ကျေးရွာအဆင့်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

နတ်မောက် ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများရှိ ကော်မတီဝင်များအား ကျေးရွာအဆင့်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသောင်းရွှေ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းမော်တို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ ကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်းတွင်ပို့ချမည့် Cash For Work စီမံကိန်းနှင့် စီမံကိန်းစက်ဝန်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များ၊ Work Plan ရေးဆွဲခြင်း၊ ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများနည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်ချက်များ ၊ ဝယ်ယူရေးလမ်းညွှန်ချက် များနှင့် ပုံစံများ၊ ငွေကြေးစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများနှင့် ပုံစံများ၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် သတင်း အချက်အလက်များကောက်ယူခြင်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးဝင်းမော်နှင့် ကျေးရွာရှိ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း (နတ်မောက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/14/07/2020/id-23794