ခန်းမဆောင် ဖွင့်ပွဲ ကယားပြည်နယ်ဝန်ကြီးချုပ်တက်ရောက် ဖွင့်လှစ်

ဖားဆောင်း ဧပြီ၊ ၁၁ ရက်။

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဘောလခဲ၊ဖားဆောင်း၊မယ်စဲ့မြို့နယ် လူထုဗဟိုပြု စီမံကိန်း( တတိယနှစ်စက်ဝန်း) တွင် အကောင်ထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော ဖားဆောင်းမြို့နယ် တောင်ပေါ်ကျေးရွာ ကျေးရွာခန်းမဆောင်ဖွင့်ပွဲအား ကယားပြည်နယ် ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။ အလျား ၅၀ပေ×အနံ၃၀ပေ×အမြင့် ၁၂ပေ ခန်းမဆောင်အား လူထုထည့်ဝင်ငွေ ၄၀၀၀၀၀ ကျပ်နှင့် စီမံကိန်းကုန်ကျငွေ ၁၆,၈၅၈,၅၅၀ ကျပ်ဖြင့် ၂၀.၁.၂၀၁၉ မှ ၅.၄.၂၀၁၉ထိ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ အဆိုပါ ကျေးရွာ ခန်းမဆောင် ဖွင့်ပွဲအား ၁၁.၄.၂၀၁၉ ရက် နံနက် ၁၀ နာရီတွင်တွင် ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်၍အဖွင့်အမှာစကားပြောကြားပြီး အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။