ခင်ဦးမြို့နယ်အတွင်း Cash for Work စီမံကိန်း ကျေးရွာ ၆ ရွာတွင် ဆောင်ရွက်ပြီးစီး

Cash for Work Activities in 6 Villages of Khin U Completed

Sagaing, 11 October 2020, SkyNet Media Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ်အတွင်း Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်‌ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးညီညီဦးထံမှ သိရပါတယ်။

ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် ကျေးရွာ တစ်ရွာကို ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီ ထုတ်ပေးကာ စုစုပေါင်း စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၆၀၀ နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်းတွေကတော့ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်တာ ရေနုတ်မြောင်းတွေ တူးဖော်တာ၊ သောက်သုံးရေ ဖူလှုံစေဖို့ မြေသားရေလှောင်ကန် ပြုပြင်တူးဖော်တာနဲ့ စာသင်ကျောင်းဝင်း မြေဖို့တာ စတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အားလုံးကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လိုအပ်တဲ့ နည်းပညာတွေ ပံ့ပိုးပေးခဲ့ပြီး၊ ကျေးရွာ ပြည်သူတွေရဲ့ လုပ်အားနဲ့ အခုနှစ် ဇူလိုင်လ တတိယပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

သတင်း - လှိုင်ဝင်းလေး

Credit- SkyNet Media Coverage

#CFW, #CERP, #DRD, #WorldBank, #NCDDP