“ဝင်ငွေရရှိရေး အလုပ်အကိုင်ဖန်တီးပေး”Case for Work စီမံကိန်း ဆင့်ပွားသင်တန်းပို့ချခြင်း၊ စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကျောက်ကြီးမြို့နယ်အတွင်း ဆောင်ရွက်

ကျောက်ကြီး ဇူလိုင် ၁၀ ရက်

ပဲခူးတိုင်း ဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ်မှာ Case for Work စီမံကိန်း ဆိုင်ရာ ဆင့်ပွားကို ဇူလိုင်လ ၉ ရက်နေ့က ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ လူထုဗဟိုပြု စီမံကိန်းမှ အခြေခံအဆောက်အဦး ဆိုင်ရာ နည်းပညာအကြံပေး ဦးရန်အောင်၊ အငယ်တန်း အင်ဂျင်နီယာ(၂) ဦးစိုးကိုဦးနှင့် လက်ထောက်နည်းပညာမှူး ဦးကိုကိုမောင်တို့မှ သင်တန်းကိုဦးဆောင်ပို့ချပေးခဲ့ပါတယ်။

သင်တန်းပြီးတဲ့ နောက်မှာ စီမံကိန်း ဝန်ထမ်းတွေဟာ ဇူလိုင်လ ၁၀ ရက်နေ့မှာ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာတွေကို ကွင်းဆင်းပြီး၊ Case for Work စီမံကိန်းနဲ့ ပတ်သတ်ပြီး၊ စီမံကိန်း မိတ်ဆက်တာ ကော်မတီ ရွေးချယ်တာနဲ့ လုပ်ငန်းရွေးချယ်ခြင်း အစည်းအဝေးတွေကို ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း- ဝင်း ညီညီလတ် (CSAG)

Credit- SkyNet Media Coverage