လူထု ဗဟိုပြု စီမံကိန်း ဘဏ္ဍာရေးဆိုင်ရာ သင်တန်း မိုင်းဟန်ကျေးရွာတွင် ပို့ချ

မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း

ဘဏ္ဍာရေးဆိုင်ရာ သင်တန်းကို ၂၀၂၀ ခုနှစ် ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ မိုင်းဟန်ကျေးရွာ အုပ်စုရှိ မိုင်းဟန်ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ သင်တန်းမှာ မိုင်းယန်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ ကျေးရွာ ဘဏ္ဍရေး ကော်မတီဝင်များကို လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး

အဖွဲ့မှ ဘဏ္ဍာရေး အရာရှိ ဒေါ်ဒေစီဝင်းမှ သင်တန်း ပို့ချပေးခဲ့ပြီး၊ လူထု စည်းရုံးရေးမှူး ဦးအောင်မင်းမင်းမှာ ဘာသာပြန် ပေးခဲ့ပါတယ်။

သင်တန်း ရည်ရွယ်ချက်မှာ ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ ငွေစာရင်းဆိုင်ရာများကို စနစ်တစ်ကျ ရေးသွင်း

မှတ်သားနိုင်စေရန်နှင့် ပွင့်လင်းမြင်သာပြီး၊ တာဝန်ယူမှု တာဝန်ခံမှုများ ရှိလာနိုင်စေရန် ဖြစ်ပါတယ်။

သတင်း - တင်အောင်မိုးမြင့်