ဒုတိယ ဝန်ကြီး ဦးလှကျော်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ဓနုဖြူ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု့

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်တဲ့ ဧရာဝတီတိုင်း ဒေသကြီး မအူပင် ခရိုင် ဓနုဖြူ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) နဲ့ ဆောင်ရွက်ခဲ့တဲ့ အလမျိုးကျေးရွာ အုပ်စု အလမျိုး ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နဲ့ တာဝန်ရှိသူများသည် ဩဂုတ်လ ၈ ရက်နေ့ မနက် ၉ နာရီ အချိန်က ကွင်းဆင်း ကြည့်ရှု့ ခဲ့ကြောင်း သိရပါတယ်။

ထိုကဲ့သို့ ကွင်းဆင်း ကြည့်ရှု့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် ဧရာဝတီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်နဲ့ တာဝန်ရှိသူများက ဓနုဖြူ မြို့နယ် အလမျိုးကျေးရွာ ကျေးရွာ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ လမ်းရေရှည် တည်တံ့ ခိုင်မြဲ အောင် လည်ပတ် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို စနစ် တစ်ကျ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပါတယ်။

ဆက်လက်ပြီး လူထု ဗဟိုပြု စီမံကိန်း ကော်မတီဝင်များ ကျေးရွာသူ ကျေးရွာသားများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံကာ လူထု ဗဟိုပြု စီမံကိန်း တာဝန်ရှိသူများက ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနဲ့ စပ်လျဉ်းပြီး ရှင်းလင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ကျေးရွာ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း အလျား ၁၁၆၅ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၇ လက်မ ထု ခင်းခြင်းနဲ့ Box Culvert တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၂၂၆ ဒဿမ ၁၂၇၆၃ သိန်း၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ၃ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ နည်းပညာ ပံ့ပိုးမှု၊ လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank