ကသာမြို့နယ်၊ နတ်ရေတွင်း ကျေးရွာတွင် Cash for Work စီမံကိန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ သွားရောက် ကြည့်ရှု စစ်ဆေး

ကသာ ဩဂုတ် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ဦးစီးမှူး ဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ကသာမြို့ နယ်၊ နတ်ရေတွင်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးထိခိုက်မှုကုစားရေးအစီအစဉ်ဖြင့် Cash For Work စီမံကိန်းဆောင်ရွက်နေမှုအား ဩဂုတ်လ(၆)ရက်နေ့၊ ညနေပိုင်းက ကျေးရွာသို့ သွား‌ ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကသာမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း Cash For Work စီမံကိန်း ဆောင်ရွက်ခွင့်ရရှိ သော ကျေးရွာ(၆)ရွာ ရှိပြီး နတ်ရေတွင်းကျေး ရွာရှိ ရွာတွင်းလမ်း ပြုပြင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ရရှိသော စီမံကိန်း ရန်ပုံငွေများကို ကောင်းမွန်စွာ အသုံးပြုရန် ကျေးရွာလမ်းကော်မတီများအား အထူး မှာကြားခဲ့သည်။

 

ယင်းကျေးရွာတွင် လမ်းဘေးဝဲယာ ရေမြောင်းတူးခြင်း၊ အောက်ခံမြေသားပြုပြင် ခြင်းနှင့် သဲကျောက်ခင်းခြင်းဖြစ်သည့် လမ်း အကျယ်(၂၁)ပေ၊ ရေမြောင်းအကျယ်(၂)ပေနှင့် အနက်တစ်ပေခွဲအထိ ဆောက်ရွက်နေပြီး လမ်းအရှည်ကို ပေ(၆၀၀၀)အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

ကျေးရွာတွင်းလမ်း ပြုပြင်ဆောင်ရွက်ရာ တွင် ရရှိသော စီမံကိန်းရန်ပုံငွေကို လုပ်သား များ၏ လုပ်အားခအတွက် (၆၀)ရာခိုင်နှုန်းနှင့် လမ်းဖောက် လုပ်ရာတွင် လိုအပ်သောပစ္စည်းအတွက် (၄၀)ရာခိုင်နှုန်းအထိ သုံးစွဲ၍ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန် နေ့က တာဝန်ရှိသူများသွားရောက်စစ်ဆေးရာတွင် ယင်းလုပ်ငန်းဆောင်ရွက်နေမှုသည် (၅၄)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ရဲအောင် (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3188