NCDDP’ Village Concrete Street, Electrification System and School Building Construction Activities Completed in Ingyigone of Kyaukkyi

အင်ကြင်းကုန်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာတွင်းလမ်း စာသင်ကျောင်းဆောင်သစ်နှင့် ကျေးရွာ မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ပြီးစီး

4 August 2020, SkyNet Media Coverage

ကျောက်ကြီး ဩဂုတ် ၄ ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ သောင်လယ် ကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာမှာ စီမံကိန်း (၄)နှစ်တာ ကာလ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

စီမံကိန်း (၄)နှစ်တာ ကာလ အတွင်း ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကျေးရွာ မီးလင်းရေး လုပ်ငန်းနဲ့ စာသင်ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ပါတယ်။

အဆိုပါ အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးလာခြင်းနဲ့ လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်ခွင့်ရခြင်း ကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ကျေးရွာကော်မတီဝင်တစ်ဦးမှ ယခုလိုပဲ ပြောပြခဲ့ပါတယ်။

“လေးနှစ်တာ လူထု ဗဟိုပြု စီမံကိန်းက လုပ်ခဲ့တဲ့ လုပ်ငန်းများကို ကျနော်တို့ ကျေးရွာမှာ ကွန်ကရစ်လမ်း၊ ပထမနှစ်မှာ၊ ဒုတိယနှစ်မှာတော့ ကျနော်တို့ နားခဲ့ပါတယ် ကျေးရွာတွေ ပေါင်းလို့၊ တတိယနှစ်မှာတော့ ကျနော်တို့ ကျေးရွာမှာ မီးလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်၊ စတုတ္ထနှစ်မှာ တော့ စာသင်ကျောင်းများကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့ လမ်း၊ မီး၊ စာသင်ကျောင်း ရရှိပြီး၊ ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများလည်း အလုပ်အကိုင်များ ရရှိပါတယ်။”

သတင်း - ဝင်းညီညီလတ် (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank