ရှားတော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲတွေကို ကြည့်ရှု့စစ်ဆေး

ကယား ပြည်နယ် လွိုင်ကော် ခရိုင် ရှားတော မြို့နယ် မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲတွေကို တာဝန်ရှိသူ တွေက ဇူလိုင်လ ၁၈ ရက်နေ့ မနက် ပိုင်းက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်း စစ်ဆေးရာမှာ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးကျော်သူအောင်နဲ့ တာဝန်ရှိသူတွေက ရှားတော မြို့နယ် အတွင်းက ဝမ်ပန် ကျေးရွာ၊ လင်ပုန်ကျေးရွာနဲ့ ဘာတို ကျေးရွာတွေမှာ ခန်းမဆောင် တည်ဆောက်နေတဲ့ လုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီးတော့ ကျေးရွာ လူထု ကော်မတီဝင်တွေနဲ့ ရင်းရင်းနှီးနှိး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ပြည်နယ် ဦးစီးမှူးနဲ့ အဖွဲ့က ထီဆဲခါးကျေးရွာ ၊ သရက်ပင် ကျေးရွာနဲ့ ရေယို ကျေးရွာတွေကို ဆက်လက်သွားရောက်ပြီးတော့ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက် နေတဲ့ လုပ်ငန်းတွေကို လည်း ကြည့်ရှု့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - စိုင်းစိုင်း (လွိုင်ကော်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank